စဥ်ဆက်မပြတ် သင်ယူလေ့လာပါ
လူ့အခွင့်အရေးပညာပေးမှု အစီအစဥ်
လူ့အခွင့်အရေး ယဥ်ကျေးမှုသည်သာလျှင် မှန်ကန်သောယဥ်ကျေးမှုဖြစ်သည်
Course Category
လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့်အကြောင်းအရာများအား မိမိတို့အဆင်ပြေသည့်အချိန်၊ အဆင်ပြေသည့်နေရာတွင် လေ့လာသင်ယူနိုင်ပါသည်။
လူ့အခွင့်အရေးသင်ခန်းစာ
လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် အကာအကွယ်ယန္တရားများကို လေ့လာသင်ယူပါ။
Explore coursesပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၏ သက်ရောက်မှုနှင့် တားဆီးကာကွယ်ရေးနည်းလမ်းများကို လေ့လာပါ။
Explore coursesကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ
လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကို လေ့လာပါ။
Explore coursesအမျိုးသမီးအခွင့်အရေး
အမျိုးသမီးများ၏ အခွင့်အရေးနှင့် တန်းတူညီမျှရေးဆိုင်ရာ အကြောင်းအရာများကို လေ့လာပါ။
Explore coursesBenefits
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့၏ အခြေခံ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံရှိ ဘာသာစကား၊ ဘာသာတရားနှင့် တိုင်းရင်းသားလူမျိုးစုအားလုံး၏ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသော ငြိမ်းချမ်းသော၊ သည်းခံနိုင်သော၊ လူမှု့သဟဇာတရှိသော ဖက်ဒရယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းကိုတည်ဆောက်ရန် ဖြစ်ပါသည်။
"ညီမျှခြင်း-မြန်မာ"သည် လူ့အခွင့်အရေး၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခြင်းနှင့် တာဝန်ခံမှုတို့အား မြှင့်တင်ခြင်း၊ ကာကွယ်ခြင်း နှင့် ပံ့ပိုးခြင်းများ၊ မြန်မာနိုင်ငံသားတို့၏ ရပိုင်ခွင့်များ၊ တရားမျှတမှုများ၊ဆောင်ရွက်သည့်အပြင် လူမှုရေး နိုင်ငံရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အလေးထားဆောင်ရွက်ပါသည်။
ကျွန်ုပ်တို့၏ ပန်းတိုင်မှာ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ယဉ်ကျေးမှု၊ တရားမျှတမှု၊ တာဝန်ခံမှုနှင့် လူ့အခွင့်အရေး စည်းရုံး လှုံ့ဆော်ရေးယန္တရားများ အားကောင်းလာစေရန်။
သတင်းနှင့်ထုတ်ပြန်ချက်များ
"ညီမျှခြင်း မြန်မာ" သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။

1 - 28 July 2024
ပဋိပက္ခနှင့်ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသင်ခန်းစာ
2024, On July 17th, it has been 24 years since the establishment of Equality Myanmar. To commemorate the 24th anniversary of the establishment of Equality Myanmar. We aim to continue working consistently for the development of the human rights culture.
